ဒီဇာတ်လမ်းလေးက မြင့်မြတ်ကြီးကျယ်တဲ့သိုင်းလောကရဲ့ အင်အားအကြီးဆုံးနမ်ဂွန်းဂိုဏ်းက အငယ်ဆုံးသားနမ်ဂွန်းဒယ်ဆိုရဲ့အကြောင်းပဲဖြစ်ပါတယ် ဒုဂိုဏ်းခေါင်းဆောင်ရာထူးအတွက် အကိုကြီး ၃ ယောက်အပါအဝင် ဂိုဏ်းတွင်းယှဉ်ပြိုင်မှုပြုလုပ်ရာ ရှုံးနိမ့်ခဲ့ရပြီး မမျှော်လင့်တဲ့ကံကြမ္မာကြောင့် အသတ်ခံရကာ အတိတ်ကိုပြန်ရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ အတိတ်ဘဝကလို ဂိုဏ်းရဲ့ဒုခေါင်းဆောင် နေရာကိုထပ်ဆုံးရှုံးရမလား ဒါမှမဟုတ် ခုဘဝမှာအရယူနိုင်မလား ဒုတိယဘဝအသစ်မှာရော အင်အားအကြီးဆုံးဂိုဏ်းရဲ့သားအနေနဲ့ ဂိုဏ်းမှာဘယ်လိုပြဿနာတွေလုပ်မလဲ ဘာတွေဆက်ဖြစ်မလဲ အတိတ်ဘဝရဲ့သုံးစားမရတဲ့အမှိုက်ဆိုတဲ့ နာမည်ဆိုးကိုပယ်ဖျက်နိုင်ပြီး ဒီဒုတိယအခွင့်အရေးကို အမိအရယူနိုင်မလား